ချစ်သူ ရည်းစား မရှိတဲ့၊ တစ်ကိုယ်တည်းသမား ပိုကျန်းမာကြောင်း လေ့လာတွေ့ရှိ

မူလဆိုက်တွင်ဖတ်ရန် >>>



ချစ်သူ ရည်းစား မရှိတဲ့၊ တစ်ကိုယ်တည်းသမား ဘ၀ဟာ ပီးပြည့်စုံခြင်း မရှိပဲ ဟာတာတာကြီး ဖြစ်နေတယ်လို့ သင် ခံစားနေရပါသလား။ တကယ်တော့ ချစ်သူ ရည်းစားထားပီး စိတ်ရော၊ ကိုယ်ပါ မကျန်းမမာ ဖြစ်နေတဲ့ သူတွေ အများကြီးပါ။

သုတေသီတွေရဲ့ အဆိုအရ တစ်ကိုယ်တည်း ဖြစ်နေခြင်းဟာ အဲ့ဒီလူကို ပိုမို ကျန်းမာစေရုံမက စိတ်ပိုင်းဆိုင်ရာမှာလည်း ပိုလုံခြုံမှု ရှိစေပါတယ်တဲ့။ ကဲ တစ်ကိုယ်တည်း သမားတွေ ရရှိ ခံစားနေရတဲ့ ကောင်းကျိုးလေးတွေ ကြည့်ကြရအောင်…

1) အားကစား လေ့ကျင့်ခန်းတွေ ပိုလုပ်နိုင်လာတယ်

စိတ်ကျရောဂါ ၊ နှလုံးရောဂါ ရစရာ အချစ်ရေး၊ အိမ် ထောင်ရေးတွေကနေ ကင်းကွာနေတာမို့ သင့်ကိုယ်သင် ပိုကျန်းမာအောင် ဂရုစိုက် လာနိုင်ပါလိမ့်မယ်။ ဒါဟာ ကျန်းမာရေးအတွက် ပိုကောင်းလာစေတဲ့ အလားအလာ တစ်ရပ်ပါ။ ဖြစ်နိုင်ရင် လေ့ကျင့်ခန်းတွေ ပိုလုပ်ပါ။ မလုပ်ဖြစ်တဲ့ အားကစားတွေ လိုက်စားခြင်းဟာ သင့်အတွက် ကောင်းကျိုးတွေပေါ့။

အသက် ၁၈ နှစ်ကနေ ၆၄ နှစ်ကြား အမေရိကန်သားတွေ ကို လေ့လာချက် တစ်ရက် ပြုလုပ်ခဲ့ရာမှာတော့ အဲ့ဒီ အသက်အတွင်း အိမ်ထောင် မပြုတဲ့ လူပေါင်း ၁၃၀၀၀ ယောက်ဟာ ကျနး်မာရေး ဘက်ကို ပိုမို လိုက်စားဖို့ အချိန် ရှိခဲ့ကြတယ် လို့ သိရပါတယ်။

2) သူငယ်ချင်းတွေကို အချိန်ပိုပေး နိုင်လာတယ်

ရည်းစားရှိတဲ့သူ၊ အိမ်ထောင် ရှိတဲ့သူ တွေဟာ သူငယ်ချင်းတွေ အတွက် အချိန်သိပ် မပေးနိုင်ကြတာ အားလုံး အသိပါ။ ဒါကလည်း ဘ၀အတွက် မိသားစုက အရေးအကြီးဆုံး ဖြစ်သွားတာကိုး။ ကိုယ်က တစ်ကိုယ်တည်းသမားသာ ဆိုရင်တော့ ကိုယ့်သူငယ်ချင်းတွေ အတွက် အချိန်ပို ပေးနိုင်သွားသလို ဘ၀တစ်လျှောက်လုံး မှာလည်း သူတို့သာ ကိုယ့်အတွက် အရေးပါသူတွေ အတွက် နေရာတစ်ခု ရသွားပါလိမ့်မယ်။

3) ကိုယ့်ကိုယ်ကို ပိုဂရုစိုက် နိုင်လာပါတယ်

အိမ်ထောင်ပြု ထားတဲ့သူတွေ၊ ချစ်သူရည်းစား ရှိပီးသားသူတွေနဲ့ လူပျို လူလွတ်တွေကို နှိုင်းယှဉ်ကြည့်တဲ့အခါ လူပျို လူလွတ်တွေဟာ အပူအပင် ပိုမဲ့ပီး ပိုပျော်ရွှင်စွာ နေနိုင်ကြပါတယ်။ အိမ်ထောင်ပြုလိုက်တဲ့ သူတွေဟာ အိမ်ထောင်ကျပြီး ပျော်ရွှင်ကြသည့်တိုင် ၀ိတ်တက်လာကြပြီး အိမ်ထောင်မပြုတဲ့ သူတွေကတော့ ၀ိတ်တက်တာမျိုး မရှိပဲ ခန္ဓာကိုယ် အချိုးအစားကို ထိန်းထားနိုင်ကြပါတယ် တဲ့။

4) အကြွေးတွေလည်း နည်းသွားပြီ

ချစ်သူနဲ့ဆို၊ အိမ်ထောင်ကျ သွားပြီဆို လိုအပ်တာတွေ ဖြည့်ဆည်းနိုင်ဖို့ ကိုယ်ရတဲ့ လုပ်အားခအပြင် လိုနေတဲ့ ငွေအတွက် ချေးငှားရတာတွေ ရှိလာပါလိမ့်မယ်။ အလုံးအရင်းနဲ့ ဒီငွေတွေ ပြန်မဆပ် ရရင်တောင် တစ်လတစ်လ တစ်တိတိ ပြန်ဆပ်နေရတဲ့ ဘ၀ကို ရောက်ကို ရောက်မှာပါ။ တစ်ကိုယ်တည်းသမားတွေ အတွက်ကတော့ ဒီအခြေအနေမျိုးက သိပ်ကြုံရမှာ မဟုတ်ပါဘူး။

5) လူမှုရေးမှာ ပိုကောင်းဆောင် ဆောင်ရွက်နိုင်ကြတယ်

အထူး ကျွမ်းကျင်သူတွေရဲ့ စကားအရ လူပျိုလူလွတ်တွေဟာ အိမ်ထောင်သည်တွေထက် လူမှုရေးပိုင်းကို ပိုကောင်းအောင် ဆောင်ရွက်နိုင်ကြသလို လူမှုရေးရာ ကောင်းမွန်အောင် ဆောင်ရွက်ခြင်းကနေ ဘယ်လိုအကျိုးတရားတွေ ရရှိနိုင်မယ် ဆိုတာ ပိုသိကြတယ် လို့ ဆိုကြပါတယ်။

ဖိုးသူတော် (www.phothutaw.com)

Credit:xyznews

#

Latest Comments

Leave a Comment