ကိုရီးယား တွေရဲ့ အခြေခံ skincare အဆင့် (၁၀) ဆင့်

မူလဆိုက်တွင်ဖတ်ရန် >>>

ယောက်ျားလေး တွေရော မိန်းကလေး တွေကပါ အသားအရေ ကို ဂရုစိုက်ကြတယ်။ တောင်ကိုရီးယား တွေ ကမ္ဘာကျော်တာ K Pop တစ်မျိုးတည်းကြောင့်တော့ မဟုတ်ပါဘူး။ ကိုရီးယား သူတွေရဲ့ ဖြူစင်သွယ်လျတဲ့ အလှ ဟာလည်း မြင်သူငေးရတဲ့အထိပါပဲ။ အထူးသဖြင့်တော့ ကိုရီးယား တွေဟာ အသားအရေ လှကြတယ်လေ။ အဲ့လိုမျိုးလှနေအောင်လည်း ယောက်ျားလေး တွေရော မိန်းကလေး တွေကပါ အသားအရေ ကို ဂရုစိုက်ကြတယ်။ ကိုရီးယား တွေရဲ့ အခြေခံ skincare တောင် အဆင့် ၁၀ ဆင့် ရှိပါတယ်။
၁။ ဆီအခြေခံထုတ်ထားတဲ့ မျက်နှာသန့်စင်ဆေး

ဆီ ဆိုလို့ မကြောက်လိုက်ပါနဲ့။ ဆီ ပါဝင်တဲ့ မျက်နှာသစ်ဆေး ဟာ အသားအေ ရအားလုံးအတွက် ကောင်းကျိုးပေးပါတယ်။ အသားအရေ လှပစေတဲ့ သံလွင်ဆီ၊ လက်ဖက်ဆီတို့လို့ အဆီ တွေကို အခြေခံထုတ်လုပ်ထားတဲ့ မျက်နှာသစ်ဆေးတွေဟာ ဝက်ခြံ တွေကို သက်သာစေပြီး မိတ်ကပ်တွေကို ပိုပြီးသန့်စင်ဖယ်ရှားပေးနိုင်တယ်။ ချွေးပေါက်ထဲက ဖုန်နဲ့အညစ်အကြေးတွေကိုလည်း ဖယ်ရှားနိုင်တယ်။

၂။ ရေ/အမြှုပ်အခြေခံထုတ်ထားတဲ့ မျက်နှာသန့်စင်ဆေး
မျက်နှာသစ်ဆေးကိုတောင်မှ သူတို့က နှစ်ကြိမ်သစ်တာ။ ဆီမပါတဲ့ မျက်နှာသစ်ဆေး နဲ့ ထပ်သစ်တော့ ကြွင်းကျန်နေတဲ့ မိတ်ကပ်နဲ့ အညစ်အကြေးတွေ ပြောင်သွားရောလေ။

၃။ Exfoliator
ဒါကတော့ အမြဲတမ်းလုပ်စရာမလိုဘူး။ တစ်ပတ်ကို နှစ်ကြိမ်/သုံးကြိမ်ပဲ လုပ်ရတာပါ။ အရေပြား ပေါ်က ဆဲလ်သေတွေကို ဖယ်ရှားဖို့အတွက်နဲ့ အသားအရေ အတွက်လိမ်းတဲ့အရာတွေကို ပိုပြီးစုပ်ယူနိုင်အောင် scrub လုပ်တာ ဖြစ်ပါတယ်။
၄။ Toner
တုန်နာ (toner) ဟာ အရေပြားရဲ့ pH ပမာဏကို ထိန်းပေးပါတယ်။ Skincare ပစ္စည်းတွေ သုံးသမျှ အာနိသင်ထိရောက်အောင်လည်း ပြင်ဆင်ပေးရာရောက်ပါတယ်။
၅။ Essence

နို့ရည် သဘောမျိုးပေမဲ့ essence က နို့ရည်နဲ့တော့ မတူပါဘူး။ သူက အသားအရေ အတွက် ပိုပြီး တိတိကျကျ အကျိုးပေးပါတယ်။ ဥပမာ whitening essence ဆိုရင် အသားအရေ ကို ကြည်လင်တောက်ပစေပြီး pore control ဆိုရင် ချွေးပေါက်တွေကို ပုံမှန်အနေအထားမှာရှိစေကာ အသားအရေ ကို ပြုပြင်ပေးနိုင်ပါတယ်။ ရေလိုပုံစံမျိုးဆိုတော့ တုန်နာနဲ့ မှားတတ်ကြတယ်။
၆။ Serum
သူက essence ထက် ပိုပြီးပျစ်တယ်။ Serum အများစုကတော့ ရေကိုအခြေခံထုတ်ထားကြတာပါပဲ။ သူလည်းပဲ အသားအရေပြဿနာတွေကို တိတိကျကျ ဖြေရှင်းပေးတယ်။ မျက်နှာပေါ်လိမ်းလိုက်ရင် ခြောက်တာမြန်တယ်။
၇။ Sheet mask
ပေါင်းတင် ကပ်ခွာ တွေကတော့ ကိုရီးယား ကားတွေထဲမှာ တွေ့နေကြပဲနော်။ ဂျယ်လ်ပုံစံလည်းရှိတယ်။ အဝတ်စပုံစံနဲ့လည်းလာတယ်။ Serum ထဲမှာ ပေါင်းတင် ကပ်ခွာ ကို နှစ်ထားတာပါ။ ကော်လာဂျင်ကို မြှင့်တင်ပေးပြီး အသားအရေကို ကြည်လင်တောက်ပစေတယ်။ ပေါင်းတင် ကပ်ခွာ တွေဟာ မိနစ် ၂၀ နဲ့ မိနစ် ၃၀ ကြားသာ ကပ်ရပါတယ်။ ညလုံးပေါက် မကပ်ရပါဘူး။

၈။ Eye cream
အရွယ်တင်နုပျိုဖို့၊ အစိုဓာတ်ဖြည့်ဖို့နဲ့ မျက်ဝန်းတစ်ဝိုက်က ညိုမည်းနေတာတွေ သက်သာဖို့ eye cream ကို သုံးရပါတယ်။ မျက်နှာမှာ မျက်လုံးတဝိုက်နေရာတွေက အနူးညံ့ဆုံးဆိုတော့ သီးသန့် ခရင်မ်ထုတ်လုပ်ကာ လိမ်းကြရတာပါ။
၉။ Moisturizer

မျက်နှာ ကို ရေဓာတ်ဖြည့်ပေးဖို့အတွက် moisturizer ကို သုံးကြတယ်။ ရေဓာတ်ပြည့်နေမှ အသားအရေ က စိုပြေနေမှာလေ။

၁၀။ Sunscreen
နေပူခံလိမ်းဆေး (sunscreen) ဟာ အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းမဖြစ်အောင် ကာကွယ်တားဆီးပေးပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun

Latest Comments

Leave a Comment